ဈေးကွက်ဈေးနှုန်း

မန္တလေးကုန်စည်ဒိုင်၏ ဒီဇင်ဘာလနောက်ဆုံးပတ် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ နှင့် ပြောင်းဖူးစေ့ ဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်၏ ဒီဇင်ဘာလနောက်ဆုံးပတ် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ  နှင့် ပြောင်းဖူးစေ့ ဈေးကွက်အခြေအနေ

ပဲစင်းငုံ

          ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင် သို့ စစ်ကိုင်း၊ မုံရွာ၊ တံတားဦး၊ မြို့သာ နယ်များမှ ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်နေပြီး ရန်ကုန်ဝယ်လက် နှင့် လှောင်လက် သမားများ ဝယ်ယူလျှက်ရှိ၍ အရောင်းအဝယ် သွက်နေသည်။ ယခုတစ်ပတ် ပဲစင်းငုံ ၆၀ ပိဿာဝင် သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၀၃၅၀၀ ဖြစ်ပြီး ၊ ယခင်တစ်ပတ် ဈေးမှာ ကျပ် ၁၀၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၃၅၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း

          မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး ဘက်မှ ပဲတီစိမ်းများ ဝင်ရောက်လျှက်ရှိပြီး ရန်ကုန် ဝယ်လက် နှင့် တရုတ်လှောင်လက်သမားများ မှ ဝယ်ယူလျှက်ရှိပြီး ဈေးအေးနေသည်။ ပဲတီစိမ်း ၅၆.၂၅ ပိဿာဝင်   သုံးတင်းတစ်အိတ် ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၁၁၈၀၀၀ မှ ၁၂၀၀၀၀၊ ယခင် တစ်ပတ်ဈေးမှာကျပ် ၁၁၈၀၀၀ မှ ၁၁၉၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၀၀၀ မြင့်တက် လာသည်။

 နှမ်း                                                                                                                  မကွေး၊ ကသာ၊ ဗန်းမော်၊ ရွေဘို စစ်ကိုင်းဘက်မှ နှမ်းလက်ကျန်များ ဝင်ရောက်နေပြီး အဝယ်သွက်သော်လည်း ဈေးအေးနေကြောင်း သိရသည်။  ဒီဇင်ဘာ ၃၀ ရက်နေ့တွင် နှမ်း ၄၅ ပိဿာ သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ နှမ်းဖြူ ကျပ် ၁၃၅၀၀၀ မှ ၁၄၂၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ် ကျပ် ၁၃၃၀၀၀ မှ ၁၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ်၂၀၀၀ မြင့်တက်လာသည်။ ဆောင်းနှမ်းနက် တစ်အိတ် ကျပ် ၁၂၅၀၀၀ မှ ၁၂၀၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ် ဈေးမှာ ကျပ် ၁၃၅၀၀၀ မှ ၁၃၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၀၀၀၀ နိမ့်ကျလာသည်။ နှမ်းနက် (စမုံ) မှာ ကျပ် ၁၇၀၀၀၀ မှ ၁၅၀၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ်ဈေးမှာ ကျပ် ၁၉၀၀၀၀ မှ ၁၃၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ်၂၀၀၀၀   နိမ့်ကျလာသည်။

မြေပဲဆံ

          စစ်ကိုင်း၊ မန္တလေး၊မကွေး မြင်းမူ၊ မြောင်၊ ရွှေဘို၊ ကျောက်ပန်းတောင်း၊ တံတားဦး ဘက်မှ မြေပဲလုံးဆံ (အဖြူ) လက်ကျန်များ ဝင်ရောက်နေပြီး ရန်ကုန်ဝယ်လက် နှင့် ဆီစက်သမားများမှဝယ် ယူလျှက်ရှိသည်။ မြေပဲ တစ်ပိဿာဈေးနှုန်းများမှာ မြေပဲလုံးဆံ(ဖြူ)  ယခုတစ်ပတ် ကျပ် ၂၈၅၀၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ကျပ် ၁၅၀ နိမ့်ကျလာ သည်။ မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၂၇၀၀၊ ယခင်တစ်ပတ်ကျပ် ၂၉၅၀ ဖြစ်  ခဲ့သည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင်ကျပ် ၂၅၀ နိမ့်ကျလာသည်။

ပြောင်းဖူးစေ့

          ရှမ်းပြည်နယ် ၊စစ်ကိုင်း၊ တောင်တွင်းကြီး၊ တပ်ကုန်း ဘက်မှ ပြောင်းဖူးစေ့ များ ဝင်ရောက် လျှက်ရှိပြီး ရန်ကုန်ဝယ်လက်နှင့် တိရစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူမှုရှိနေသည်။ ပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းများ မှာ ပြောင်းဖူးစေ့(ရှမ်း) ယခုတစ်ပတ် ကျပ် ၃၅၀၀၀ မှ ၃၄၅၀၀၊ ယခင်တစ်ပတ် ကျပ် ၃၄၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၅၀၀ မြင့်တက်လာသည်။ စီပီပြောင်း ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၃၄၀၀၀ မှ ၃၃၅၀၀ဖြစ်ပြီး၊ ယခင်တစ်ပတ် ကျပ် ၃၄၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၅၀၀ မှ ၁၀၀၀ နိမ့်ကျ လာခဲ့သည်။                                                                                

မြင့်မြင့်လှိုင်                                                                                                    ရတနာပုံကုန်သွယ်မှုဗဟိုဌာန